ဖိလစ်ပိုင်သမ္မတနန်းတော်အနီးဗုံးပေါက်ကွဲ၍၁၅ဦးဒဏ်ရာရ
ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ သမ္မတ နန်းတော်အနီး ကောလိပ်ကျောင်းတစ်ကျောင်း အပြင်ဘက်၌ မတ် ၁၈ရက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁၅ဦး ဒဏ်ရာရရှိပြီး နှစ်ဦး ဒဏ်ရာပြင်းထန်ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြောကြားသည်။ ယင်းဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည်သူမည်ဝါ၏ လက်ချက်ဖြစ်သည်ကို မသိရသေးကြောင်း၊ သမ္မတနန်းတော်၏ မီတာ ၃၀၀အကွာ၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဗုံးပေါက်ကွဲသည့် ဒေသစံတော်ချိန် ညနေ ၄နာရီခွဲတွင် သမ္မတအာရိုယိုသည် နန်းတော်၌ မရှိကြောင်း မြို့တော်ရဲအရာရှိချုပ်က ပြောကြားသည်။
0 comments:
Post a Comment