အစိုးရတပ်ဖွဲ့နှင့်ကျားသူပုန်များ တိုက်ခိုက်၊ (၁၂)ဦး သေဆုံး
သီရိလင်္ကာစစ်တပ်နှင့် တမီလ်များသူပုန်များ နိုင်ငံ၏ မြောက်ပိုင်းတွင် ပြင်းထန်သည့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ကျားသူပုန် ၁၀ဦးနှင့် စစ်ဘက်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း သီရိလင်္ကာစစ်ဘက်က ပြောကြားသည်။ အမြောက်များနှင့် သံချပ်ကာတင့်ကား အကူအညီဖြင့် သီရိလင်္ကာတပ်ဖွဲ့ဝင်များက တမီလ်ကျား လွတ်မြောက်ရေးတပ်ဖွဲ့(အယ်လ်တီတီအီး)၏ ကတုတ်ကျင်းများကို ဖျက်ဆီးပြီး သူပုန်များ၏ ကတုတ်ကျင်းလေးခုကို မန်နာခရိုင်ရှိ မန်ထိုင်ဒေသတွင် သိမ်းပိုက်ခဲ့သည်။ သီရိလင်္ကာ လေတပ်ကလည်း ရဟတ်ယာဉ်များကို အသုံးပြု၍ တိုက်ခိုက်ခဲ့ကြသည်။ ယင်းတိုက်ခိုက်မှုကြောင့် သူပုန်အမာခံများ သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာ ရရှိခဲ့သည်။ သီရိလင်္ကာစစ်တပ်မှ တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။
0 comments:
Post a Comment