စွမ်းအင် က ဏ္ဍတွင် တူရကီနှင့် အီရတ် ပူးပေါင်း ဆောင်ရွက်လိုဟု ပြောကြား
အီရတ် နိုင်ငံ က တူရကီနိုင်ငံနှင့် စွမ်းအင်ကဏ္ဍတွင်ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန်ဆန္ဒရှိကြောင်းတူရကီ သို့
အလည်အပတ် ရောက်ရှိနေသူ အိရတ်ရေနံ ၀န်ကြီး အယ်လ်-ရှာရစ္စတန်နီက စနေနေ့ တွင် ပြောကြားသည်။
၎င်းသည် တူရကီသို့ ဆွေးနွေးမှုများ ပြုလုပ်ရန် ရောက်ရှိနေခြင်း ဖြစ်သည်။ ၎င်း၏ တာဝန်ရှိပု ဂ္ဂိုလ်က တူရကီ
စွမ်းအင်နှင့်သဘာဝအရင်းအမြစ် ၀န်ကြီး ဟီလ်မီဂူလာနှင့် ဆွေးနွေးပြီး သည့်နောက်အန်ကာရာမြို့တွင် ဖော်ပြပါ
အတိုင်း ပြောကြား ခြင်း ဖြစ်သည်။
အီရတ်က တူရကီ သို့ ဓါတ်ငွေ့ ဖြည့်ဆည်းပေး လိုပြီး တူရကီကို ကြားစခန်းအဖြစ် သဘောထားကြောင်း ရှာရစ္စတန်
ကပြောကြားသည်။
အီရတ်မှ ရေနံနှင့်သဘာဝဓါတ်ငွေ့များကို တူရကီသို့ပို့ပေးမည့် စီမံကိန်း များကိုလည်း ဂူလာက ရှာရစ္စတန်နှင့် တွေ့
ဆုံစဉ် ထည့်သွင်းဆွေးနွေးခဲ့သည်။
အဆိုပါ စီမံကိန်း များကို တူရကီ ရေနံကောပိုရေးရှင်းနှင့် တူရကီ နိုင်ငံတကာရေနံကုမ္ပဏီတို့ကဆောင်ရွက်မည်ဖြစ်ပြီး
ရေနံကုမ္ပဏီ တို့က ဆောင်ရွက်မည်ဖြစ်ပြီး ရေနံပိုက်လိုင်းသွယ်တန်းမည့်ကိစ္စကို အီရတ်မှတာဝန်ရှိပုဂ္ဂလ်များနှင့် ဆွေးနွေး
ကာ ဆုံးဖြတ်သွားမည်ဟု၎င်းကပြေားကြားသည်။
0 comments:
Post a Comment