အီရတ်နိုင်ငံ ဒီယားလားတွင် ဗုံးခွဲတိုက်ခိုက်
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ အရှေ့ မြောက်ပိုင်း ဒီယားလားပြည်နယ်လူမျိုးစုခေါင်းဆောင်တစ်ဦး ကို မတ်
၁၀ ရက်က အသေခံအမျိုးသမီး ဗုံးခွဲသမားက တိုက်ခိုက်ရာထိုပုဂ္ဂုလ်နှင့်အ ခြားသုံးဦး တို့ သေဆုံး သွားကြောင်းရဲ
တပ်ဖွဲ့မှလာသော သတင်း များကဖော်ပြသည်။
သေဆုံးသွားသူ ခေါင်းဆောင်းမှာ ရှိတ်ဂါဘန် အယ်လ်ခါကီဆိုသူ ဖြစ်သည်။၎င်းသည် ခါကီရာမျိုးစု၏ ခေါင်း
ဆောင်ဖြစ်သည်။ ဗုံးခွဲသူ အမျိုးသမီးက လူမျိုးစု ခေါင်းဆောင်နှင့် တွေ့ ဆုံလိုကြောင်း ပြောကြားသည့်
ခေါင်းဆောင်နှင့် လူသုံးဦး ထွက်လာစဉ် ဗုံးဖောက်လိုက်ကြောင်း သိရသည်။
ဒီးယားလား ပြည်နယ်တွင်ယခုအခါ အယ်လ်ခိုင်ဒါများကအမျိုးသမီးများ၊ ကလေးသူငယ်များနှင့်မသန်စွမ်းသူ
များကိုအသုံးပြု၍ ဗုံးခွဲတိုက်ခိုက်မှုများကို ပြုလုပ်လျက်ရှိကြောင်းတွေ့ရုသည်ဟုသက်ဆိုင်ရာများက ပြောကြား
သည်။ဒီးယားလား ပြည်နယ်သည် ဘဂ္ဂဒက်မြို့ အရှေ့ ပိုင်းမှ အီရန်နယ်စပ်ရောက်သည့်တိုင်အောင် ကျယ်ပြန့်
သည်။ ထိုဒေသ သည်အယ်လ်ခိုင်ဒါများ အင်အားကောင်းသည့် ဒေသသတစ်ခုဖြစ်သည်။
0 comments:
Post a Comment