ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့တွင် ဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားပြီးနောက် အနည်းဆုံး ၂၂ ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့ကကြေညာသည်။ ပြည်ထောင်စု ရဲတပ်ဖွဲ့ရုံး ဗုံးဖောက်ခွဲမှုတွင် ထိမှန်သူ အများစုမှာ သေဆုံးကြရကြောင်း သိရသည်။ ဒုတိယဗုံးမှာ လူနေရပ်ကွက်အတွင်း ပေါက်ကွဲခြင်းဖြစ်ပြီး ကလေးနှစ်ဦး သေဆုံးသွားသည်။ ယင်းသို့ ဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီး မကြမီပင် ပါကစ္စတန်နိုင်ငံ၌ လုံခြုံမှု စိုးရိမ်ရသည့်အတွက် လာရောက်ကစားမည့် သြစတြေးလျခရစ်ကက် အားကစားအဖွဲ့က အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာသည့် လာဟိုးမြို့ ပြည်ထောင်စု ရဲတပ်ဖွဲ့ ရုံးအနီး ဗုံးဖောက်ခွဲမှုကြောင်း မိုးမျှော်အဆောက်အအုံတစ်ခု ပျက်စီးပြီး မီးလောင်ထားသော မော်တော်ယာဉ်များ နှင့် အမြစ်ကျွတ်ကာလဲကျနေသော သစ်ပင်များကို အစိုးရရုပ်မြင်သံကြားက ရိုက်ပြသည်။