သမုဒ္ဒရာအတွင်း မျောပါသွားသော ရေခဲပြင်ပေါ်မှငါးမျှားသူ............
ရေခဲပြင်မှပဲ့ထွက်ကာ ပစိဖိတ်သမုဒ္ဒရာအတွင်း မျောနေသော ရေခဲပြင်ကြီးပေါ်မှ ငါးဖမ်းသမား ၇၇၅ ဦးတို့ကို ရုရှားရဟတ်ယာဉ်များက မတ်၉ ရက်က ကယ်တင်ခဲ့သည်။ ရုရှားနိုင်ငံ အရှေ့ဖျားအရပ် ဆာခါလင်ဒေသရှိ ရေခဲပြင်ပေါ်တွင် လူအများငါးမျှားနေကြစဉ် ရေခဲများ အရည်ပျော်ပြီး ကြီးမားသော ရေခဲချပ်ကြီးသည် ပစိဖိတ်သမုဒ္ဒရာအတွင်း မျောပါသွားခြင်းဖြစ်ကြောင်း အရေးပေါ်ကယ်ဆယ်ရေးဌာန၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဌာနက ဖော်ပြသည်။ ရေခဲပြင်၌ ငါးဖမ်းသောလုပ်ငန်းသည် ရုရှားနိုင်ငံတွင် လူကြိုက်များသော လုပ်ငန်းတစ်ခုဖြစ်သည်။ အမျိုးသားအများအပြားသည် ငါးမျှားတံ၊ ကုလားထိုင်နှင့် ရေခဲပြင်ကို ဖောက်ထွင်းသည့်ကိရိယာကို ယူပြီး ရေခဲပြင်၌ ငါးဖမ်းလေ့ရှိကြသည်။ နွေဦးရာသီတွင် ရေခဲချပ်များ အရည်ပျော်တတ်သည့်အတွက် ရေခဲပြင်ငါးမျှားသူ အများအပြားသည် အရည်ပျော်ကာ မျောပါသွားသော ရေခဲချပ်များအပေါ်တွင် မကြာခဏ ပိတ်မိနေသည့်အဖြစ်မျိုးနှင့်ံကြုံကြရသည်။
0 comments:
Post a Comment