အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း ပက်တီရာပြည်နယ်တွင် လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် နေတိုးဦးဆောင်သော နိုင်ငံတကာလုံခြုံရေးနှင့် အကူအညီပေးရေးအဖွဲ့ (အိုင်အက်စ်အေအက်ဖ်)မှ စစ်သားတစ်ဦး သေဆုံးပြီးတစ်ဦးဒဏ်ရာရရှိကြောင်း အိုင်အက်စ်အေအက်ဖ်မှ ကြေညာသည်။ ပက်တိရာပြည်နယ် ၀ါဇာဝါခရိုင်တွင် အိုင်အက်စ်အေအက်ဖ် တပ်ဖွဲ့သည် ပုံမှန်ကင်းလှည့်နေစဉ် လမ်းဘေးဗုံးခွဲ တိုက်ခိုက်ခြင်း ခံရခြင်းဖြစ်ကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။ စစ်သားနှစ်ဦး ဒဏ်ရာရရှိရာ တစ်ဦးမှာ ရရှိသော ဒဏ်ရာနှင့်ပင် သေဆုံးသွားသည်ဟု ထပ်မံဖော်ပြသည်။ အကြမ်းဖက် တိုက်ခိုက်ခြင်းများကြောင့် ၂၀၀၇ ခုနှစ်တွင် သေဆုံးသူဦးရေ ၆၀၀၀ ကျော်ရှိသည်။ တာလီဘန်စစ်သွေးကြွများက ယခုနှစ်တွင် ပိုမိုပြင်းထန်စွာ တိုက်ပွဲဝင်သွားမည်ဟု ပြောသည်။