အာဂျင်တီးနားတွင်ရထားနှင့် ကားတိုက်မိ၊(၁၈)ဦးသေဆုံး
အာဂျင်တီးနားနိုင်ငံ ရထားနှင့် ကားလမ်းဆုံရာ တစ်နေရာ၌ မတ်၉ရက်က ရထားနှင့်ကားတိုက်မိရာ ၁၈ဦးသေဆုံးပြီး ၄၅ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံမီဒီယာသတင်းများက ဖော်ပြသည်။ ရထားလမ်းဆုံရှိ မ၀င်ရ အဟန့်အတားချနေသည့်ကြားမှ ဘတ်စ်ကားမောင်းသူက အတင်းဖြတ်ဝင်ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြားကြောင်း ဒေသခံသတင်းစာက ဖော်ပြသည်။ သို့သော် ဘတ်စ်ကားကုမ္ပဏီကမူ မည်သည့်အကြောင်းကြောင့် မတော်တဆမှု ဖြစ်ပွားရသည်ကို သဲကွဲစွာ မသိရသေးဟုဆိုသည်။ ရထားလမ်းနှင့် ကားလမ်းဆုံရာနေရာ၌ မ၀င်ရ အတားအဆီးကို ဘတ်စ်ကားက အဓမ္မဖြတ်ကျော်မောင်းနှင်သည့်အတွက် ရထားနှင့် တိုက်မိပြီး ဘတ်စ်ကားနှစ်ပိုင်းပြတ်သွားခြင်း ဖြစ်ဖွယ်ရှိသည်ဟု ဒေသခံအုပ်ချုပ်ရေးအရာရှိ ဒင်နီရယ်စီအိုလီက ပြောကြားသည်။ ဒဏ်ရာရရှိသူအချို့၏ အခြေအနေမှာ စိုးရိမ်ရကြောင်း ဒိုလိုနီမြို့မှ ကျန်းမာရေးအရာရှိ ရောဘတ်တိုကပဲလ်က ပြောကြားသည်။
0 comments:
Post a Comment