ဗြိတိန်တွင်ယာဉ်တိုက်မှုခြောက်ဦးသေဆုံး
ဗြိတိန်နိုင်ငံအလယ်ပိုင်း ကော့စ်ပိုးလ်ဒ်အရပ်တွင် ကားချင်းခေါင်းချင်းဆိုင် တိုက်မှုဖြစ်ပွားရာ ခြောက်ဦးသေဆုံးခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က မတ် ၈ ရက်၌ပြောကြားသည်။ အဆိုပါ ယာဉ်မတော်တဆမှုသည် မတ် ၇ ရက် ညပိုင်းက ဖြစ်ပွားခဲ့ပြီး အမျိုးသားသုံးဦး အမျိုးသမီးတစ်ဦးနှင့် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ ပွဲချင်းပြီး သေဆုံးကာ အမျိုးသမီးတစ်ဦးမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့သည်။ ဒဏ်ရာရသူ ကလေးနှစ်ဦးနှင့် အမျိုးသားကြီးတစ်ဦးမှာ ဆေးရုံတွင် အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေရှိကြောင်း ၄င်းသတင်း၌ ဖော်ပြသည်။ အဆိုပါ ကားမတော်တဆဖြစ်ပွားရခြင်း အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ အခင်းဖြစ်ပွားစဉ် အဆိုပါယာဉ်များကို မျက်မြင်တွေ့ရှိခဲ့သူ သက်သေမရှိသကဲ့သို့ သတိထားမိသော သတင်းပေးသူလည်း မရှိသေးကြောင်း သိရသည်။
0 comments:
Post a Comment