အာဖဂန်နစ္စတန်၌ သောင်းကျန်းသူ၁၂ဦး သေဆုံး
အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းဥရုဇဂန်ပြည်နယ် ချိုရာခရိုင်တွင် မတ်၂၃ရက်က နိုင်ငံတကာတပ်ဖွဲ့များက သောင်းကျန်းသူများကို စစ်ဆင်ရေးပြုလုပ်စဉ် တာလီဘန် သောင်းကျန်းသူ၁၂ဦး သေဆုံးကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှုးက တနင်္လာနေ့တွင် ပြောကြားသည်။
၎င်းစစ်ဆင်ရေးတွင် ရဲတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိသည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် ၂၀၀၇ ခုနှစ်၌ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ၈၀၀၀ကျော်သေဆုံးပြီး ၂၅၀ကျော်
ပျောက်ဆုံးခဲ့သည်။
0 comments:
Post a Comment