နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် အစ္စလာမ္မစ်နိုင်ငံများ၏ လုံခြုံရေး ဆိုင်ရာ ခြိမ်းခြောက်မှုအန္တရာယ်ကို ဆန့်ကျင်ရန် လိုအပ်သည်ဟု ပြင်သစ်သမ္မတ နီကိုလပ်စ်ဆာကိုဇီ၏ ဝေဖန်ပြောကြားချက်ကို အီရန်က တနင်္ဂနွေ နေ့တွင်ပယ်ချကြောင်း သတင်းဌာနက ဖော်ပြသည်။
နိုင်ငံအများစုက အီရန်နိုင်ငံ၏ နျူးကလီးယားအစီအစဉ်နှင့် ပက်သက်၍ သင်္ကာမကင်းဖြစ်ကာ အမျိုးမျိုး တွေးတောနေကြစဉ် အီရန်က တာဝေးပစ်ဒုံးပျံများ တိုးမြှင့်ဆောင်ရွက်နေသည်ဟု ဆာကိုဇီက ရေငုပ်သင်္ဘောရေချ အခမ်းအနားတွင် ပြောကြားသည်။
သို့ရာတွင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်အလီဟော့စိန်နီက အရှေ့အလယ်ပိုင်းဒေသတွင် အီရန်နိုင်ငံသည်ငြိမ်းချမ်းမှုရှိပြီး တည်ငြိမ်သည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်ဟု အခိုင်အမာပြောကြားသည်။
အီရန်က မိမိ၏ စွမ်းပကားကို မြှင့်တင်ဆောင်ရွက်နေခြင်းသာဖြစ်ပြီး ယင်းအောင်မြင်မှုများကို အခြားနိုင်ငံများအတွက် အန္တရာယ် ဖြစ်စေ သည်ဟု ခွဲခြားသတ်မှတ်နေခြင်းသည်သင့်တင့်လျေက်ပတ်မှုမရှိ၊ ခိုင်မာမှုမရှိဟု ၎င်းကပြောကြားသည်။