မက္ကဆီကိုနိုင်ငံတွင် အောက်တိုဘာမှ မတ်အတွင်း ရာသီဥတု အေးလွန်းသဖြင့် သေဆုံးသူ ၅၂ဦးရှိကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက တနင်္ဂနွေတွင်ပြောကြားသည်။
၎င်းသေဆုံးသူများတွင် ကာဗွန်မိုနောက်ဆိုက်အဆိပ်မိသောကြောင့် သေသူ၂၂ဦးပါဝင်သည်။ အဆိုးရွားဆုံး အအေးဒဏ်ခံရသော ပြည်နယ်နှစ်ခုမှာ ချီဟွားဟွား နှင့် မြောက်ပိုင်းရှိ ဆိုနိုရာတို့ဖြစ်သည်။