အနောက်ဘက်ကမ်းရှိ ဂျီနက်မြို့တွင် ပါလက်စတိုင်း ရဲတပ်ဖွဲ့ဝင် ၆၀၀ခန့် ဖြန့်ချမှုကို အစ္စရေးတို့က သဘောတူမည်ဖြစ်ကြောင်း ပါလက်စတိုင်းအရာရှိများက ပြောကြားသည်။ အဆိုပါ ပါလက်စတိုင်း ရဲတပ်ဖွဲ့ဝင်များ သည် ဂျော်ဒန်နိုင်ငံ၌ လေ့ကျင့်သင်တန်းတက်ခဲ့သူများဖြစ်ပြီး အပြစ်ရှိသူများအား ဖမ်းဆီးစစ်ဆေးမှု ပြုလုပ်နိုင် မည်ဖြစ်သည်။