စူးအက်ပင်လယ်အော်တွင် မတ်၂၄ရက်က အီဂျစ်ရေယာဉ်တစ်စင်းကို အမေရိကန်စစ်သင်္ဘောတစ်စင်းက ပစ်ခတ်ခဲ့ရာ အီဂျစ်နိုင်ငံသားတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း အီဂျစ်လုံခြုံရေးတပ်ဖွဲ့နှင့် မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။ အမေရိကန်စစ်သင်္ဘော ဂလိုပါထရီရော့ဒ်သင်္ဘောက အီဂျစ်စက်တပ်မော်တော်အား ရေကြောင်းပြောင်းပေးရန် ပြောကြားသည်ကို မလိုက်နာသဖြင့် ပစ်ခတ် ခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင်ဖော်ပြသည်။ အီဂျစ်မော်တော်ပေါ်တွင် စူးအက်ရေလမ်းကြောင်းအတွင်း ဖြတ်သန်း သွားသော သင်္ဘောများကို ရောင်းချ ကုန်ပစ္စည်းတင်ဆောင်လာသည်။ စစ်သင်္ဘောသည် စူးအက်တူးမြောင်းကိုဖြတ်သန်းကာပင်လယ်ကွေ့သို့ဦးတည်ခုတ်မောင်းနေခြင်းဖြစ်သည်။ အမေရိကန်သင်္ဘောသည် ပင်လယ်နီမှမြေထဲပင်လယ်သို့သွားရန် စူးအက်တူးမြောင်းကိုဖြတ်သန်းရန် စောင့်ဆိုင်းစဉ် ယခုကဲ့သို့ ပစ်ခတ်ခဲ့မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သတင်း၌ဖော်ပြထားသည်။