ဂရိနိုင်ငံ ရှေးဟောင်းမြို့အိုလံပီယာ ဟိရဘုရားကျောင်းရှေ့တွင် နေရောင်ခြည် မှတစ်ဆင့် အိုလံပစ်မီးရှူးတိုင် ကို တနင်္လာနေ့ နံနက် ၁၁နာရီ ၄၅မိနစ်တွင် ထွန်းညှိလိုက်သည်။
မာရီယာနစ် ပလီယိုတွန်ဆိုသူ အမျိုးသမီးက အိုလံပစ်မီးရှူးတိုင်ကို ထွန်းညှိပေးလိုက်ပြီး အိုလံပစ်မီးရှူးတိုင် ထွန်းညှိမည့် ရှေးဟောင်း အိုလံပစ်ယာ အားကစားပြိုင်ဝင်းအတွင်းသို့ သယ်ဆောင်သည်။

လွှဲပြောင်းပေးအပ်
ဆက်လက်၍ မီးရှူးတိုင်ကို ၂၀၀၄ခုနှစ် အိုလံပစ်တိုက်ကွမ်ဒို ငွေတံဆိပ် ဆုရှင် အလက်စန္ဒြရို့စ်နီကိုလိုင်ဒက်(ခ်) သို့လွှဲပြောင်းပေးအပ်သည်။

အသံလွှင့်ယူ
ထိုအခမ်းအနား တွင် အိုလံပစ်သီချင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားသီချင်းတို့ကို တီးမှုတ်ပြီး အိုလံပစ်အလံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလံနှင့် ဂရိအလံတို့ကို လွှင့်ထူသည်။
ဂရိနိုင်ငံအတွင်း ၅၀၅ဦးက မီးရှူး တိုင်ကို လက်ဆင့်ကမ်းသယ်ဆောင်ကြမည်ဖြစ်သည်။
၎င်းအိုလံပစ် မီးရှူးတိုင်သည် တိုက်ကြီးငါးတိုက်ကို ဖြတ်သန်းသယ်ဆောင်ပြီး ပေကျင်းမြို့သို့ မတ်၃၁ရက်တွင် ရောက်ရှိမည်ဖြစ်ရာ တိန်အန်မင်ရင်ပြင်တွင် အခမ်းအနား ဖြင့် ကြိုဆိုမည်ဖြစ်သည်။