ဗြိတိသျှ စုးစမ်းရှာဖွေသူအမျိုးသမီး မြောက်ဝင်ရိုးစွန်းခရီးစဉ် အောင်မြင်ခါနီးမှ လက်လျှော့ရ
စူးစမ်းရှာဖွေသူ ဗြိတိသျှအမျိုးသမီး ဟာနာမက်ကီအန်သည် ရေခဲတောင်မှလိမ့်ကျခဲ့သဖြင့် မြောက်ဝန်ရိုးစွန်းသို့ အကူအညီမပါဘဲ တစ်ဦးတည်း အောင်မြင်စွာ ရောက်ရှိသူအဖြစ် မှတ်တမ်းမတင်နိုင်ဘဲ ပျက်ပြယ်သွားခဲ့ရကြောင်း ၎င်း၏ခရီးစဉ်မန်နေဂျာက တနင်္ဂနွေ နေ့တွင်ပြောကြားသည်။ ဟာနာမက်ကီအန်သည် ကနေဒါနိုင်ငံ “ ၀ါဒ်ဟန့်”
ကျွန်းမှမတ်၈ရက်တွင် စတင်ခရီးသည် ခရီးထွက်ခွာခဲ့ပြီး နှင်းလျှောစီး ၊ ခြေလျင်လမ်းလျှောက်၊ရေကူးရင်းဖြင့် မြောက်ဝန်ရိုးစွန်း ဒေသသို့ ရက်ပေါင်း ၆၀အတွင်း ၄၇၈မိုင် (ကီလိုမီတာ ၇၇၀) ခရီးနှင်ရန် မျှော်လင့် ထားခဲ့သည်။
ယင်းဒေသတွင် အပူချိန်သည် အနုတ်ဆယ်ဆီယပ်စ်၆၀ဒီဂရီထိရှိသည်။
အသက်၃၄နှစ်ရှိ ဟာနာမက်ကီအန်သည် ကြာသပတေးညတွင် ၀င်ရိုးစွန်းရေခဲပြင်မှ ရှစ်ပေအနက်ရှိတွင်းတစ်ခုအတွင်း လိမ့်ကျခဲ့ပြီးနောက် ခြေထောက်ပခုံးနှင့်နောက်ကျောတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
0 comments:
Post a Comment