အီဂျစ်က ဟားမတ်စ်အကျဉ်းသား ၃၄ဦးကို လွှတ်ပေး
အီဂျစ်အာဏာပိုင်များက ဟားမတ်စ်အကျဉ်းသား ၃၄ဦးကို တနင်္ဂနွေနေ့က လွှတ်ပေးခဲ့ပြီး ရာဗာနယ်စပ် မှတစ်ဆင့် ဂါဇာကမ်းမြောင်သို့ ပို့ပေးခဲ့ကြောင်းဂါဇာရှိ ဟားမတ်စ် တာဝန်ရှိပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။
ပြောကြား
အီဂျစ် အကျဉ်းထောင်အတွင်း ထိန်းသိမ်းထားသည့် ပါလက်စတိုင်း ၃၄ဦးကိုမွန်းလွဲပိုင်းက လွှတ်လိုက်ပြီး ဟားမတ်စ်ထိန်းချုပ်မှုအောက်ရှိ ဂါဇာ ကမ်းမြောင်မှတစ်ဆင့် ဖြတ်သန်းစေခဲ့သည်ဟု ဂါဇာရှိ ဟားမတ်စ်အုပ်စု
ပြောရေးဆိုခွင့် ရှိသူ အေမန်တာဟာက သတင်းထောက်များကို ပြောကြားသည်။
အီဂျစ်အကျဉ်းထောင်များမှ အကျဉ်းသား ၃၄ဦး လွှတ်ပေးမှုသည် အီဂျစ်အာဏာပိုင်များနှင့် မိမိတို့ အစည်းအဝေးပြုလုပ်ခဲ့သည့် အကျိုးရလဒ်ပင်ဖြစ်ပြီး အကျဉ်းသားနှစ်ဦးမှာ အီဂျစ်အကျဉ်းထောင်အတွင်း ဆက်လက်ရှိနေသေးသည်ဟု ၎င်းကပြောကြားသည်။
ပါလက်စတိုင်း-အစ္စရေး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက်ကြိုးပမ်းသည့်အနေဖြင့် အီဂျစ်တာဝန်ရှိသူပုဂ္ဂိုလ်များက ဟားမတ်စ်နှင့် ဂျီဟက်လှုပ်ရှားမှုအဖွဲ့မှ ကိုယ်စားလှယ်များနှင့် သီးခြားတွေ့ဆုံကာ ဆိုင်းနိုင်းဒေသရှိ အယ်လ်ကာရစ်မြို့ တွင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
0 comments:
Post a Comment