ဂျပန်နိုင်ငံတွင် အငှားယာဉ်မောင်း တစ်ဦးအား သတ်ဖြတ်ခဲ့မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီး ခံရကြောင်း ဂျပန်အရာရှိများက ပြောကြားသည်။ ဂျပန်နိုင်ငံရှိ အမေရိကန် အခြေစိုက်စခန်းအနီး ယိုကိုဆူကာမြို့တွင် အသတ်ခံရ၍ သေဆုံးနေသော အငှားယာဉ်မောင်းတစ်ဦး၏ အနီး၌ အမေရိကန်တပ်ဖွဲ့ဝင်၏ အကြွေးဝယ်ခွင့်ကတ် ရရှိခဲ့ခြင်းကြောင့် စုံစမ်းမှု ပြုလုပ်ရန် အဆိုပါ အမေရိကန်တပ်ဖွဲ့ဝင်ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။