အီရတ်နိုင်ငံ ဒီယာလာပြည်နယ်တွင် အမေရိကန်စစ် ရဟတ်ယာဉ်တစ်စင်းက ပစ်ခတ်မှုကြောင့် အီရတ်ပြည်သူ ၁၂ ဦး သေဆုံးသွားကြောင်း အီရတ်ရဲတပ်ဖွဲ့များက ပြောကြားသည်။ ထိုသို့တိုက်ခိုက်ခြင်းမှာ ဘာလာရုဇ်မြို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေအိမ်လေးလုံးလည်း ပျက်စီးခဲ့ကြောင်း အီရတ်ရဲအရာရှိများက ပြောကြားသည်။