ဘဂ္ဂဒက်ဗုံးပေါက်ကွဲမှု တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်၌ မတ် ၂၂ ရက်က လမ်းဘေးဗုံး ဖောက်ခွဲ တိုက်ခိုက်မှုကြောင့် အီရတ်အရပ်သား တစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောကြားသည်။ ဘဂ္ဂဒက်မြို့ အရှေ့ပိုင်းတွင် ခရီးသည်များ တင်ဆောင်လာသည့် မီနီဘတ်စ်ကားတစ်စီးအနီး လမ်းဘေးဗုံးပေါက်ကွဲ သဖြင့် ခရီးသည် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွားသည်။
0 comments:
Post a Comment