အစ္စရေးနိုင်ငံတွင်းသို့ပါလက်စတိုင်းတို့ဒုံးကျည်ဖြင့်.......................
အစ္စရေးနိုင်ငံတောင်ပိုင်းရှိ မြို့များဆီသို့ ပါလက်စတိုင်း စစ်သွေးကြွများက လက်လုပ်ဒုံးကျည်များဖြင့် မတ်၁၆ရက်က ပစ်ခတ်ခဲ့သော်လည်း အသေအပျောက် တစ်စုံတစ်ရာ မရှိကြောင်း သတင်းက ဖော်ပြသည်။ ပါလက်စတိုင်း လွတ်မြောက်ရေး ပေါ်ပြူလာတပ်ဦးအဖွဲ့သည် ဒုံးကျည်တစ်စင်းဖြင့် ဆီဒါရော့ဒ်မြို့သို့ ပစ်ခတ်ခဲ့ကြောင်း ၄င်းတို့အဖွဲ့က ထုတ်ဝေသော လက်ကမ်းလွှာတွင် ရေးသားထားသည်။ အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြောင်ဒေသနေ ပါလက်စတိုင်း ပြည်သူများအပေါ် ကျူးကျော်သူ အစ္စရေးတို့က လုပ်ဆောင်သည့် ပြစ်မှုများ မရပ်မချင်း လက်စားချေ တုံ့ပြန်တိုက်ခိုက်မှုများလည်း ရပ်စဲမည်မဟုတ်ကြောင်း ယင်းအဖွဲ့က ပြောကြားသည်။ ပါလက်စတိုင်း စစ်သွေးကြွများသည် ဆီဒါရော့ဒ်မြို့နှင့် အက်ခ်ျကီလွန်မြို့များသို့လည်း ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ဂါဇာတွင် မတ် ၁၅ရက်က အစ္စရေးတို့ လက်ချက်ဖြင့် သေဆုံးရသူလေးဦးနှင့် အနောက်ဘက်ကမ်းတွင် ဗုဒ္ဓဟူးနေ့က သေဆုံးသူ ငါးဦးတို့အတွက် လက်စားချေတိုက်ခိုက်ခြင်း ဖြစ်သည်။
0 comments:
Post a Comment