အာဖဂန်နစ္စတန်နိုင်ငံ အရှေ့တောင်ပိုင်းဒေသတွင် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (နေတိုး) တပ်ဖွဲ့ဝင်များ၏ မော်တော်ယာဉ်တန်း တစ်ခု အသေခံဗုံးဖောက်ခွဲခံရသဖြင့် အာဖဂန်နစ္စတန် အရပ်သားနှစ်ဦး သေဆုံးကြောင်း တာဝန်ရှိပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။ ခို့စ်မြို့အပြင်ဘက်ရှိ လမ်းမပေါ်တွင် ဗုံးဖောက်ခွဲတိုက်ခိုက်မှု ဖြစ်ပွားသဖြင့် နေတိုးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အာဖဂန်တွင်ရှိသည့် ပြည်ပတပ်ဖွဲ့ဝင်များတွင် အမေရိကန်တပ်ဖွဲ့ဝင်များသည် အများဆုံးဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးနှင့် သက်ကြီးရွယ်အိုတစ်ဦးတို့ သေဆုံးခဲ့ပြီး အခြားအရပ်သားသုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု မန်ဒိုဇိုင်ခရိုင် အကြီးအကဲ ဒေါလတ်ကေယူမီက ပြောကြားသည်။ အာဖဂန်နိုင်ငံတွင် လွန်ခဲ့သည့် နှစ်နှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ပြန်လည်ထကြွလာလျက်ရှိရာ ၂၀၀၁ခုနှစ်တွင် တာလီဘန်အစိုးရ ပြုတ်ကျခဲ့ပြီးသည့်နောက် သေဆုံးမှုအများဆုံး ဖြစ်ပွားခဲ့သည့် ကာလဖြစ်သည်။