ဖိလစ်ပိုင်၌ ဗုံးပေါက်ကွဲ
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဒါဗာရိုဒယ်ဆူရာ ပြည်နယ်၌ မတ်၁၅ရက်က ဗုံးပေါက်ကွဲမှုကြောင့် သုံးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသည်ဟု ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြောကြားသည်။ ထိုသို့ ဗုံးပေါက်ကွဲမှုမှား အကြမ်းဖက်သမားတို့၏ လက်ချက်ဖြစ်ပြီး ရဲတပ်ဖွဲ့က အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ ယခုအခါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာတစ်ဝိုက် လုံခြုံရေး တင်းကျပ်ထားသည်။
0 comments:
Post a Comment