အမေရိကန်တရားမ၀င် ကားပြိုင်ပွဲ ကြည့်သူရှစ်ဦး ကားတိုက်ခံရ၍ သေဆုံး
ဝါရှင်တန်မြို့အနီးရှိ မြို့တစ်မြို့တွင် စနေနေ့က ပြုလုပ်သည့် တရားမ၀င် ကားမောင်းပြိုင်ပွဲ၌ လမ်းဘေးမှ ကြည့်ရှုနေသော လူအုပ်ကြီးအတွင်းသို့ ကားတစ်စီးက ၀င်တိုက်မိသဖြင့် လူရှစ်ယောက်သေဆုံးသွားကြောင်း သတင်းများက ဖော်ပြသည်။
ဝါရှင်တန်မြို့၏ တောင်ဘက် မိုင် ၂၀ အကွာ မေရီလင်း ပြည်နယ် အဝေးပြေး လမ်းမကြီး တစ်နေရာ၌ ကားပြိုင်ပွဲ ကြည့်ရန် စုဝေးနေသော လူအုပ်ကြီးကို ပြိုင်ပွဲတွင် မပါဝင်သော ဆီဒင်ကားတစ်စီးက ၀င်တိုက်ခြင်းဖြစ်ကြောင်း ၀ါရှင်တန်ပို့စ် သတင်းစာက ဖော်ပြသည်။

0 comments:
Post a Comment