အာဖဂန်တွင် ပြုလုပ်သည့် ခွေးတိုက်ပွဲ၌ ဗုံးပေါက်ကွဲ ၊၈၀ သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရ
အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာ၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အပျက်အစီးများကို ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ်။အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာတွင် ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားရာ အနည်းဆုံး လူ ၈၀ သေဆုံးသွားပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း ကန်ဒါဟာဒေသ အုပ်ချုပ်ရေးမှူး အာဆတ်ဒူလာခါလစ်က ပြောကြားသည်။ ထိုဒေသတွင် ပြုလုပ်လေ့ရှိသည့် ခွေးတိုက်ပွဲကို ကြည့်ရှုရန် စုရုံးနေကြသော ရာနှင့်ချီ ရှိနေသည့် လူအုပ် အကြား၌ ပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်သည်။
သေဆုံး
အခင်းဖြစ်ပွားမှုကြောင့် လူ ၈၀ သေဆုံးရပြီး ၅၀ ကျော် ဒဏ်ရာရရှိသည်ဟု ဆိုသည်။ဒဏ်ရာရရှိသော လူများကို ဆေးရုံသို့ ပို့နေဆဲဖြစ်၍ စာရင်းအတိအကျ မရနိုင်သေးဟု ဆိုသည်။ ထိုဖောက်ခွဲမှုသည် တာလီဘန်များ လက်ချက်ဖြစ်သည်ဟု ယူဆရကြောင်း အာဏာပိုင်များက ပြောကြားသော်လည်း ယခုကိစ္စမှာ မည်သူ့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခြင်း မရှိသေးပေ။
0 comments:
Post a Comment