Air Bagan လေယာဉ် ကွင်းမှအတက် မတော်တဆ ဖြစ်မှုကြောင့် တိမ်းစောင်း၊ ၊အသေအပျောက်မရှိ..
၁၉.၂.၂၀၀၈ ရက်နေ့ ညနေ(၃:၁၅)အချိန်ခန့်တွင် ပူတာအိုမှ မြစ်ကြီးနားသို့ အပြန် Air Bagan လေယာဉ်သည် ကွင်းမှအတက် မတော်တဆ ဖြစ်မှုကြောင့် တိမ်းစောင်းကာ လေယာဉ်၏ ၀ဲဘက်တောင်ပံကျိုး၊ လေယာဉ်ဦးခေါင်းကြေ၊ ဘယ်ဘက်အင်ဂျင်ပြုတ်ကျပြီး လေယာဉ်မှူး၏လက် ပေါက်ပြဲဒဏ်ရာရခဲ့ကြောင်း၊ အသေအပျောက်မရှိဘဲ အနည်းငယ်ဒဏ်ရာ ရမှုများသာ ရှိကြောင်းနှင့် ၎င်းလေယာဉ်တွင် လေယာဉ်ဝန်ထမ်း(၈)ယောက်၊ ခရီးသည် ကျား(၃၆)ဦး၊ မ (၁၆)ဦး ပါဝင်ကြောင်း သိရှိရပါသည်။
0 comments:
Post a Comment