အာဖဂန်တောင်ပိုင်းတွင် ပြည်ပတပ်ဖွဲ့ယာဉ်တန်း ကားဗုံးပေါက်ကွဲ၊ ၃၅ ဦးသေဆုံး
အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာ ပြည်နယ်တွင် ဖေဖော်ဝါရီ ၁၈ ရက်က ပြည်ပတပ်ဖွဲ့ ယာဉ်တန်းအား ကားဗုံး ဖောက်ခွဲခံရရာ ပြည်ပတပ်ဖွဲ့ဝင် သုံးဦးအပါအ၀င် ၂၇ ဦး ဒဏ်ရာရရှိပြီး အရပ်သား ၃၅ ဦး သေဆုံးခဲ့ရသည်။
စပင်ဘိုဒက်စ်ဒေသ ဈေးအနီးတွင် ညနေ ၃ နာရီက ပြည်ပတပ်ဖွဲ့ယာဉ်တန်း ဖြတ်သန်းသွားစဉ် ကားဗုံးခွဲ တိုက်ခိုက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
အာဖဂန်ရှိ နေတိုးတပ်ဖွဲ့များတွင် ပါဝင်သော ကနေဒါတပ်ဖွဲ့ဝင် ၂၅၀၀၀ တို့သည် အဆိုပါတိုက်ခိုက်မှုဖြစ်ပွားရာ ဒေသ၀န်းကျင်၌ မကြာခဏကင်းလှည့်လျက်ရှိသည်။
စပင်ဘိုဒက်စ်ဒေသ ဈေးအနီးတွင် ညနေ ၃ နာရီက ပြည်ပတပ်ဖွဲ့ယာဉ်တန်း ဖြတ်သန်းသွားစဉ် ကားဗုံးခွဲ တိုက်ခိုက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ဒဏ်ရာရသူ
ဒဏ်ရာရရှိသွားသူ ပြည်ပတပ်ဖွဲ့ဝင် သုံးဦးမှာ ကနေဒါတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ကန်ဒါဟာ ပြည်နယ် အုပ်ချုပ်ရေးမှူး အဆာဒူလာခါလစ်က ပြောကြားသည်။ပြောကြား
အာဖဂန်တွင် နောက်ဆုံးဖြစ်ပွားသော တိုက်ခိုက်မှုသည် ၎င်းတို့ လက်ချက်ဖြစ်ကြောင်း၊ ထိုပေါက်ကွဲမှုအတွင်း နိုင်ငံခြားသား တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး အာဖဂန်ရဲများလည်း သေဆုံးခဲ့ရကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ကာရီယူဆွတ်အာမာဒီက ပြောကြားသည်။အာဖဂန်ရှိ နေတိုးတပ်ဖွဲ့များတွင် ပါဝင်သော ကနေဒါတပ်ဖွဲ့ဝင် ၂၅၀၀၀ တို့သည် အဆိုပါတိုက်ခိုက်မှုဖြစ်ပွားရာ ဒေသ၀န်းကျင်၌ မကြာခဏကင်းလှည့်လျက်ရှိသည်။
0 comments:
Post a Comment