စင်ကာပူလေကြောင်းပြပွဲ စတင်ဖွင့်လှစ်
အာရှ လေယာဉ်တည်ဆောက်မှု နည်းပညာပြပွဲကို ဟောင်ကောင်တွင် ၂၀၀၆ ခုနှစ်က ကျင်းပပြီးနောက် စင်ကာပူဒေါ်လာ ၈၂သန်း (အမေရိကန်ဒေါ်လာ ၅၈သန်းခန့်)ကုန်ကျသည့် နေရာသစ်တွင် စင်ကာပူ လေကြောင်း ပြပွဲကို အင်္ဂါနေ့က ဖွင့်လှစ်လိုက်သည်။
စင်ကာပူ လေကြောင်းပြပွဲကို မိမိတို့ ကတိအတိုင်း ကျင်းပနိုင်ပြီဖြစ်သည်ဟု စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်းက ၂၀၀၈ ခုနှစ် စင်ကာပူလေကြောင်းပြပွဲအဖွင့် အခမ်းအနားတွင် ပြောကြားသည်။
နိုင်ငံနှင့် ဒေသ ၄၂ ခုမှ ကမ္ပဏီ ၈၀၀ ကျော်တို့က ဟက်တာ ၃၀ အကျယ်အ၀န်းရှိနေရာတွင် ယင်းတို့ ထုတ်လုပ်သည့် ပစ္စည်းများကို စတင် ပြသကြတော့မည် ဖြစ်သည်။
စင်ကာပူလေကြောင်းဌာနက စင်ကာပူဒေါ်လာ ၆ ဒသမ ၉ ဘီလီယံအထိ ၀င်ငွေမြင့်တက်လာခဲ့ပြီး လွန်ခဲ့သည့်နှစ်ကထက် ၁၀ ရာခိုင်နှုန်း ပိုမြင့်မားလာခဲ့သည်ဟု ၀န်ကြီးချုပ်လီရှန်လွန်းက ပြောကြားသည်။
လေယာဉ် တည်ဆောက်မှုကဏ္ဍတွင် စဉ်ဆက်မပြတ် တိုးတက်စေရန်အတွက် စင်ကာပူအစိုးရက နေရာသစ်တွင် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးစေရန်အတွက် လွန်ခဲ့သည့်နှစ်များအတွင်း ငွေကြေးအများအပြား ရင်းနှီးမြှုပ်နှံခဲ့သည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

0 comments:
Post a Comment