အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် လမ်းဘေးဗုံး ပေါက်ကွဲမှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ကြောင်း အမေရိကန်စစ်ဘက်က ဖေဖော်ဝါရီ ၂၀ ရက်ထုတ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ပေါက်ကွဲခဲ့
မြို့တော် ဘဂ္ဂဒက်၏ အနောက်မြောက်ပိုင်းတွင် ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲပိုင်းက ကားတစ်စီး ဖြတ်သန်းမောင်းနှင်စဉ် လမ်းဘေးဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်း၌ ဖော်ပြသည်။
လျော့ပါးခဲ့
အီရတ်နိုင်ငံတစ်ဝန်းတွင် စစ်သွေးကြွများကို မကြာသေးမီလများက နှိမ်နင်းခဲ့မှုများကြောင့် တိုက်ခိုက်မှုများ လျော့ပါးခဲ့သော်လည်း ဖေဖော်ဝါရီလအတွင်း ကန်တပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။
သေဆုံးခဲ့
အီရတ်နိုင်ငံကို အမေရိကန်တို့ ကျူးကျော်ခဲ့သည့် ၂၀၀၃ ခုနှစ်ကတည်းက ယနေ့အထိ ယင်းနိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင် ၃၉၆၆ဦး သေဆုံးခဲ့ပြီ ဖြစ်သည်။