ဘဂ္ဂဒက်နှင့်မိုဆူးလ်တို့တွင် ဗုံးခွဲတိုက်ခိုက်၊ဖေဖော်ဝါရီလ၌ ကန်တပ်ဖွဲ့ဝင် ၂၂ ဦးသေဆုံး
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့၌ ဖေဖော်ဝါရီ ၂၀ ရက်က ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ပျက်စီးသွားသော အပျက်အစီးများအား စစ်ဆေးနေသည်ကို တွေ့ရစဉ်။ဘဂ္ဂဒက်မြောက်ဘက် မစ်ဒါလီယာအရပ်၌ ဖေဖော်ဝါရီ ၂၀ ရက်က အသေခံဗုံးခွဲ တိုက်ခိုက်မှုဖြစ်ပွား၍ အနည်းဆုံး ခုနစ်ဦး သေဆုံးသွားကြောင်း အီရတ်တာဝန်ရှိသူများက ပြောကြားသည်။
တိုက်ခိုက်မှုတစ်ရပ်
အီရတ်မြောက်ပိုင်း မိုဆူးလ်မြို့၌လည်း တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားရာ အီရတ်ရဲတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ရသည်။ ဆီးရီးယားနယ်စပ် တာလ်ဖာ၌လည်း ကားဗုံးခွဲတိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားရာ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သည်။သုံးဦးသေဆုံး
ဖေဖော်ဝါရီ ၂၀ ရက်က ဘဂ္ဂဒက်မြို့၌ လမ်းဘေးထောင်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် အမေရိကန်တပ်ဖွဲ့ဝင် သုံးဦးသေဆုံးသွားကြောင်း စစ်ဘက်ကြေညာချက်တစ်ရပ်တွင် ဖော်ပြသည်။ရေးသားဖော်ပြ
ဖေဖော်ဝါရီလအတွင်း အမေရိကန်တပ်ဖွဲ့ဝင်များ သေဆုံးမှုမှာ ၂၂ ဦးအထိ ရှိလာကြောင်း မီဒီယာများက ရေးသားဖော်ပြသည်။ဒုံးပစ်လောင်ချာ
ဘဂ္ဂဒက်အရှေ့ပိုင်း၌ ဖေဖော်ဝါရီ ၁၉ ရက်က ဒုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး ၄၅ ဦး ဒဏ်ရာရရှိသွားသည်။အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များသည် နေ့စဉ်နှင့်အမျှ ဗုံးခွဲတိုက်ခိုက်ခံရမှုများကြောင့် ၎င်းတို့၏ အသက်အန္တရာယ်အတွက် စိုးရိမ်လျက်ရှိသည်။
0 comments:
Post a Comment