ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းတွင် ဗုံးကွဲ၊အနည်းဆုံး ၂၀ သေဆုံး၊ ၂၄ ဦးဒဏ်ရာရ
ပါကစ္စတန်နိုင်ငံ အ၀ါမီအမျိုးသား ပါတီ(အေအင်ပီ)လူထုအစည်းအဝေး ပြုလုပ်ရာ အနောက်မြောက်ဒေသတွင် စနေနေ့က ဗုံးတစ်လုံးပေါက်ကွဲရာ အနည်းဆုံး ၂၀ ဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိသွားကြောင်း ပြည်ထဲရေးဝန်ကြီး ဟာမစ်န၀ဇ်က ပြောကြားသည်။
အနောက်မြောက်ပြည်နယ် ချာဆာဒါခရိုင်တွင် ဖြစ်ပွားသော အဆိုပါ ပေါက်ကွဲမှုသည် အသေခံ၍ ဖောက်သော ဖောက်ခွဲမှုမျိုး ဖြစ်နိုင်သည်ဟု ကနဦးစုံစမ်းမှုများအရ သိရကြောင်း ၀န်ကြီး၏ ပြောကြားချက်ကို ကိုးကား၍ ဒေါင်းသတင်းဌာနက ဖော်ပြသည်။
အစိုးရအနေဖြင့် ဖေဖော်ဝါရီ ၁၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်မည့် နိုင်ငံရေး ခေါင်းဆောင်များ၏ လုံခြုံရေးအတွက် စီစဉ်ပေးထားကြောင်း ၀န်ကြီးက ပြောကြားသည်။ ယခု သေဆုံး သွားသူများတွင် အေအင်ပီ ပါတီမှ ခေါင်းဆောင်ပိုင်းများ မပါဝင်ဟု ဆိုသည်။
ဗုံးသည် အေအင်ပီ ပါတီ၏ ပြည်နယ် ဥက္ကဌ အာဖရာဆပ်ခါတက် စကားပြောနေစဉ် ပေါက်ကွဲသွားခြင်း ဖြစ်သော်လည်း ၄င်းမှာ အထိအခိုက်မရှိ လွတ်မြောက်သွားသည်။

0 comments:
Post a Comment