လုပ်ကြံခံရသည့် ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း ဘာနာဇီယာဘူတို၏ သေမှုသေခင်းကို စုံစမ်း စစ်ဆေးသည့် ဗြိတိန်နိုင်ငံ စကော့တလန်ယာ့ဒ် စုံထောက်များက ဘူတိုမှာ သေနတ်ဒဏ်ရာကြောင့် သေဆုံးခြင်းမဟုတ်ဘဲ ဗုံးခွဲတိုက်ခိုက်ခံရသဖြင့် ထိမှန်ပြီး သေဆုံးခြင်းဖြစ်ကြောင်း ပြောကြားသည်။
စုံစမ်းစစ်ဆေး
ဒီဇင်ဘာလက ဘူတိုလုပ်ကြံခံရ၍ သေဆုံးရသည့် အကြောင်းချင်းရာများကို စုံစမ်းစစ်ဆေးပေးရန် ပါကစ္စတန် သမ္မတ မူရှာရက်ဖ်က စကော့တလန်ယာ့ဒ် စုံထောက်များအား မေတ္တာရပ်ခံသဖြင့် ယင်းသို့ စုံစမ်းစစ်ဆေးခြင်း ဖြစ်သည်။
သေဆုံးခြင်းဖြစ်
ဘူတိုမှာ အသေခံ ဗုံးခွဲမှုကြောင့် သေဆုံးရခြင်း ဖြစ်သည်ဟု ပါကစ္စတန် အာဏာပိုင်များက ပြောကြား သော်လည်း သူ့မိသားစုက လက်မခံပေ။လူသတ်သမားက သေနတ်ဖြင့် ပစ်သတ်၍ သေဆုံးခြင်း ဖြစ်သည်ဟု အခိုင်အမာ ပြောကြားနေသည်။
မသေဆုံးမီက ဘူတိုကို သေနတ်ဖြင့် ပစ်ကြောင်း၊ သို့သော် သေနတ်ဖြင့် ပစ်၍ သေဆုံးရခြင်း မဟုတ်ကြောင်း၊ တိုက်ခိုက်သူမှာ မူလက တွေးထင် ထားသည့်အတိုင်း နှစ်ဦး မဟုတ်ဘဲ တစ်ဦးတည်းသာ ဖြစ်ကြောင်း စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့ အစီရင်ခံစာ၌ ဖော်ပြထားသည်။