ပြိုင်ဘက်အစစ်က မည်သူတွေနည်း
မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုလုပ်ငန်းများ နိမ့်ပါးလာရခြင်း၏ အကြောင်းရင်းများကို သရုပ်ဆောင်၊ ဒါရိုက်တာ စသော အနုပညာအလွှာစုံကို မေးခွန်းထုတ်ခဲ့ရာတွင် အချက်ပေါင်းများစွာ တွေ့ရှိရသည်။ ဇာတ်လမ်းကြောင့်၊ ဇာတ်ညွှန်းကြောင့်၊ ဒါရိုက်တာကြောင့်၊ သရုပ်ဆောင်ကြောင့် စသော "ကြောင့်"ပေါင်းများစွာကို ကြားခဲ့ရသည်။ မိမိတို့ညံ့၍ဟူသော ရဲဝံ့စွာ ၀န်ခံစကားပြောခြင်းများကိုလည်း ကြုံတွေ့ခဲ့ရသည်။ အဖြေအားလုံးမှာ သူ့ကြောင့်၊ ငါ့ကြောင့်ဟု အတွင်းထဲမှာပင် သံသရာလည်နေသည်။ တိုးတက်လွန်းနေသော သတင်းနှင့် နည်းပညာခေတ် ကြီးတွင် ကဏ္ဍပေါင်းစုံကို အရှိန်ပြင်းပြင်းနှင့် ရိုက်ခတ်နေသော ကမ္ဘာပြုမူဖြစ်စဉ် (ဂလိုဘယ်လိုက်ဇေးရှင်း) ကြီးက မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုလုပ်ငန်းအပေါ်သက်ရောက် နေပြီဖြစ်ကြောင်း ရိပ်စားမိသူ အလွန်နည်းပါးနေ သည်ကိုတွေ့ခဲ့ရသည်။
တစ်ဦးခြင်းကြောင့် မြန်မာရုပ်ရှင်လောက ကျဆင်းခြင်းမဟုတ်ပါ။ အားလုံးကျ၍ လောကကြီးတစ်ခုလုံး ကျဆင်းခြင်းဖြစ်ပါသည်။ ရုပ်ရှင်ဗီဒီယိုလုပ်ငန်းများ၏ အောင်မြင်မှု၊ ကျဆုံးမှုမှာ ခြေခြေမြစ်မြစ် တွေးကြည့်လျှင် အိမ်တွင်း မိသားစုကြည့် တီဗီဖန်သားပြင်မှ အစပြုသည်။ မြန်မာနေအိမ်းများရှိ ရုပ်သံစက်ကို လွှမ်းမိုးရန်ကြိုးစား သည့ှ် ဇာတ်ကားများထဲတွင် ဟောလီးဝုဒ်၊ ကိုရီးယားဇာတ်ကားများနှင့် နပန်းပွဲကဲ့သို ဖျော်ဖြေရေးများပါဝင် သည်။ နေ့စဉ်နှင့်အမျှ မြန်မာရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်လမ်းများနှင့် နေရာအပြိုင်လုနေရသည့် ဟောလီး ၀ုဒ်တွင်ရုံတင်နေသော ဇာတ်ကားကို တိုးတက်နေသော ခေတ်ကြောင့်ရက်ပိုင်း အတွင်းမြန်မာနိုင်ငံတွင် ၀ယ် ယူကြည့်ရှုနိုင်သည်။
သို့ဆိုလျှင် မြန်မာသရုပ်ဆောင်မင်းသားတစ်ဦး၏ ပြိုင်ဘက်များမှာ ပြည်တွင်းမင်းသားများသာမက ၂၀၀၇ခုနှစ်အတွင်း ၀င်ငွေအများဆုံး မင်းသားဂျွန်နီဒက်၊ သရုပ်ပီပြင်ရန်အတွက်ဆိုလျှင် ၀ိတ်များစွားလျှော့ဝံ့ သော မိမိသွားကိုပင် ချိုးခဲ့သော တွမ်ဟင့်စ်၊ ဘရက်ပစ်၊ မက်ဒက်မွန်၊ ကိုရီးယားတို့၏မျှော်လင့်ချက် ရိန်းတို့ပင် ဖြစ်မည်။ ထို့နည်းတူ မြန်မာမင်းသမီးတစ်ဦး၏ ပြိုင်ဘက်များမှာ ဟောလီးဝုဒ်မှ အင်ဂျလီနာဂျိုလီ၊ လင်ဆေးလိုဟန်၊ ကိုရီးယားမင်းသမီး ဆောင်းဟေကို(အွန်စော) နှင့် မက္ကဆီကန်သူအဖြစ် သရုပ်ဆောင်ရန် မက္ကဆီကိုမှကျောင်းဆရာမထံ လပေါင်းများစွာသင်ယူပြီးမှ သရုပ်ဆောင်သော ဂေါင်းလီတို့ဖြစ်သည်။
မြန်မာဒါရိုက်တာ၏ ပြိုင်ဘက်မှာလည်း ထိုနည်းတူပင်။ အန်းလီ၊ မက်ဂစ်ဆင်စသော ဒါရိုက်တာတို့၏ ဇာတ်ကားများမှာ မြန်မာဒါရိုက်တာတို့နှင့်အတူ ရုပ်သံစက်ကို အပြိုင်လုနေပါပြီ။ ပြိုင်ဘက်များ များပြားလွန်းလှ သော ယနေ့အမြန်ခေတ်ကြီးတွင်ပြိုင်ဘက်အစစ်များက မည်သူတွေပါနည်း။ မြန်မာ့ရုပ်ရှင် ဗီဒီယိုလောကနှင့် မျက်မှောက်ခေတ်အခြေအနေကို ကာယကံရှင် အနုပညာရှင်များ သတိပြုရန်၊ စာဖတ်သူများဖတ်ရှုလေ့လာနိုင် ရန်ယခုတစ်ပတ်တွင် ရုပ်ရှင်ဗီဒီယိုအထူးထုတ်ကိုတင်ဆက်လိုက်ပါသည်။
0 comments:
Post a Comment