သီရိလင်္ကာမြောက်ပိုင်းဒေသတွင် တိုက်ပွဲများဖြစ်ပွား သူပုန် ၄၄ ဦး သေဆုံးဟု စစ်ဘက်က ဖော်ပြ
သီရိလင်္ကာနိုင်ငံ၏ မြောက်ပိုင်း၌ ဖေဖော်ဝါရီ ၇ရက်နှင့် ၈ ရက်များတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း သေဆုံးရသော သူပုန်ဦးရေသည် ၄၄ ဦးရှိသွားပြီဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာမှလာသော သတင်းက ဖော်ပြသည်။
သူပုန်တပ်ဖွဲ့များနှင့် အစိုးရတပ်ဖွဲ့များအကြား ပိုင်းခြားထားသည့် မြောက်ပိုင်းဒေသ နယ်မြေအနီး၌ ဖေဖော်ဝါရီ ၈ ရက်က တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ သီရိလင်္ကာတွင် သီးခြားလွတ်လပ်သာ နယ်မြေထူထောင်နိုင်ရန်အတွက် သူပုန်များ ကြိုးပမ်းနေသည်မှာ ၂၅ နှစ်ရှိသွားပြီ ဖြစ်သည်။
ဂျက်ဖနာကျွန်းဆွယ်ဒေသ ဘာဘူးနီးယားနှင့် မန်နာအရပ်များတွင် သောကြာနေ့ကဖြစ်ပွားသော တိုက်ပွဲ၌ အနည်းဆုံး ကျားသူပုန်၂၉ ဦး သေဆုံးသွားကြောင်း အမည်အဖော်လိုသော စစ်ဘက်အရာရှိ တစ်ဦးက ပြောကြားသည်။ အစိုးရတပ်ဖွဲ့များသည် သူပုန်များကို မြောက်ပိုင်းအမာခံနယ်မြေများမှ မောင်းထုတ်ပြီး တိုက်ပွဲများကို အဆုံးသတ်နိုင်ရန် ကြိုးစားလျက်ရှိသည်။

0 comments:
Post a Comment