ဂါဇာကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
အစ္စရေးလေယာဉ်များသည် ဂါဇာဒေသကို ဖေဖော်ဝါရီ ၉ ရက် ညသန်းခေါင်ခန့်တွင် တိုက်ခိုက်ရာ ဟားမတ်စ်စစ်သွေးကြွတစ်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာ ရရှိသွားကြောင်း မျက်မြင်တွေ့ရှိသူများနှင့် ဆေးဝန်ထမ်းများက ပြောကြားသည်။
အစ္စရေးနိုင်ငံတောင်ပိုင်းရှိ မြို့ရွာများကိုစစ်သွေးကြွအုပ်စုများက ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အစ္စရေးလေတပ်ဖွဲ့က ယင်းသို့တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပါလက်စတိုင်းစစ်သွေးကြွများပစ်ခတ်သော ဒုံးကျည်များ အစ္စရေးတောင်ပိုင်းရှိ ဆဒါရွတ်မြို့တွင် ကျရောက် ပေါက်ကွဲသည့်အတွက် ကလေးတစ်ဦးအပါအ၀င် နှစ်ဦးဒဏ်ရာရရှိသွားကြောင်း အစ္စရေးရေဒီယိုက ကြေညာသည်။
ဂါဇာစီးတီးမြို့ရှိ ပန်းပဲလုပ်ငန်းရှိရာနေရာကို အက်ဖ်-၁၆ တိုက်လေယာဉ်တစ်စင်းက ဒုံးကျည်တစ်စင်းဖြင့် ပစ်ခတ်ပြီးနောက် ပေါက်ကွဲသံကြီးကို ကြားခဲ့ရကြောင်း ကိုယ်တွေ့ကြုံသူ တစ်ဦးက ပြောကြားသည်။ ထို့နောက် အခင်းဖြစ်ပွားရာ နေရာသို့ ကယ်ဆယ်ရေးအဖွဲ့များက မီးသတ်သမားများသွားရောက်ကူညီခဲ့ ကြသည်။

အရေးပေါ်သူနာပြုအဖွဲ့ခေါင်းဆောင် အိုဂီယာဟာဆန်နီ၏ ပြောကြားချက်အရ အဆောက်အအုံမှာ
ဆိုးရွားစွာ ပျက်စီးသွားပြီး ရှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

0 comments:
Post a Comment