ဆူဒန်လေယာဉ်များက ဒါဖာဒေသတွင်း ဗုံးကြဲတိုက်ခိုက် ဒုက္ခသည် ၁၀၀၀၀ ကျော် ချဒ်နိုင်ငံအတွင်း ၀င်ရောက်
လွန်ခဲ့သော သီတင်းပတ်ကုန်ကာလအတွင်း ဆူဒန်စစ်လေယာဉ်များက ဒါဖာဒေသသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ထိုဒေသမှ ဒုက္ခသည် ၁၂၀၀၀ ခန့်တို့သည် နေရပ်ကို စွန့်ခွာ၍ ချဒ်နိုင်ငံတွင်းသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ကုလသမဂ္ဂသတင်းဌာနက ဖော်ပြသည်။
ချဒ်နိုင်ငံတွင်းသို့ ထွက်ပြေးဝင်ရောက်လာသော ခရီးသည်ဦးရေသည် ထပ်မံများပြားလာစရာရှိကြောင်း ဒုက္ခသည် ကယ်ဆယ်ရေးအေဂျင်စီများက ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောကြားသည်။
ဖြည့်တင်းပေး
အနောက်ဘက ဒါဖာဒေသရှိ မြို့သုံးမြို့ကို ဖေဖော်ဝါရီ ၈ ရက်က လေကြောင်းမှ တိုက်ခိုက်ပုံအသေးစိတ်ကို ဒုက္ခသည်များက သတင်းသမားများကို ပြောပြကြသည်။ တစ်ချိန်တည်း၌ပင် ဒုက္ခသည်များအတွက် လိုအပ်သော ထောက်ပံ့ရေး ပစ္စည်းများကို ကုလသမဂ္ဂအေဂျင်စီများက ဖြည့်တင်းပေးလျက်ရှိသည်။ဒါဖာဒေသရှိ ကျေးရွာများ တိုက်ခံရကြောင်း ၊ စစ်သွေးကြွများက ရွာများကိုဝိုင်းကာ မီးရှို့ခြင်း ၊ ပစ္စည်းလုခြင်းများ ပြုလုပ်ကြကြောင်း ၊ အမျိုးသမီးများနှင့် ကလေးများ ပါဝင်သော ဒုက္ခသည်များ နောက်ထပ်ရောက်လာဦးမည် ဖြစ်ကြောင်း ဦးစွာရောက်လာသော ဒုက္ခသည်များက ပြောကြားသည်။ ချဒ်နှင့် ဆူဒန်နယ်စပ်ဒေသ ဒုက္ခသည် စခန်းများ၌ ဒုက္ခသည်ဦးရေ ၄၀၀၀၀၀ ခန့် ရောက်ရှိနေသည်။
သန်းချီသေဆုံး
လွန်ခဲ့သော ငါးနှစ်မှစ၍ ဒါဖာဒေသ၌ ဖြစ်ပွားသော ဆူပူသောင်းကျန်းမှုများကြောင့် ပြည်သူသိန်းချီ၍ သေဆုံးရပြီး ၂ ဒသမ ၅ သန်းမှာ ဒုက္ခရောက်ကြရသည်။်
0 comments:
Post a Comment