အီရတ်နိုင်ငံ ဘာလက်မြို့အတွင်း အသေခံ ကားဗုံးခွဲမှုတစ်ရပ် ဖေဖော်ဝါရီ ၁၀ ရက်က ဖြစ်ပွားခဲ့ရာ ယနေ့အထိ ၅၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း အီရတ်ရဲတပ်ဖွဲ့က ကြေညာသည်။
ဘာလက်မြို့ အီရတ်စစ်တပ် စစ်ဆေးရေးဂိတ်အနီးတွင် ယင်းနေ့ ညနေ ၄ နာရီခွဲ လူစည်ကားချိန် အသေခံ ဗုံးခွဲခဲ့ခြင်းဖြစ်သည်။
အမေရိကန်ကာကွယ်ရေး ၀န်ကြီးရောဘတ်ဂိတ်သည် အီရတ်ရှိ အမေရိကန်စစ်ဘက် ခေါင်းဆောင်များ ၊ အီရတ်အရာရှိများနှင့် တွေ့ဆုံရန် ဘဂ္ဂဒက်မြို့သို့ ရောက်ရှိစဉ် ဘာလက်မြို့၌ ထိုသို့အသေခံ ကားဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။