ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ္မာဘတ်မြို့၌ ဖေဖော်ဝါရီ ၉ ရက်က ရဲတပ်ဖွဲ့နှင့် ဆန္ဒပြမှုကို စတင်လှုံ့ဆော်ဆောင်ရွက်ခဲ့သည့် ရှေ့နေများ ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း နယူးစ် နယ်စပ် အင်တာနေရှင်နယ် သတင်းအေဂျင်စီက ရေးသားဖော်ပြသည်။
ဖမ်းဆီး
ရာပေါင်းများစွာသော ရှေ့နေများသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၃ ရက်က ဖမ်းဆီးထားသော ရှေ့နေချုပ်ဟောင်း ချောင်ဒရီ၏ အကျယ်ချုပ်ထားသည့် နေအိမ်သို့ ချီတက်ဆန္ဒပြခဲ့ရာ ရဲတပ်ဖွဲ့က ရှေ့နေအချို့ကို ဖမ်းဆီးလိုက်သည်။
ဆန္ဒပြ
ဆန္ဒပြသူ ၅၀၀ ခန့်သည် ချောင်ဒရီ၏ ပုံတူများကိုင်ဆောင်လျက် မြို့တော် အစ္စလာမ္မာဘတ်မြို့ရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ်နှင့် အစိုးရအဆောက်အအုံများ အပြင်ဘက်၌ ဆန္ဒပြခဲ့ကြသည်။
စတင်ဖြစ်ပွား
ဆန္ဒပြချီတက်လာသော ရှေ့နေများသည် ရဲတပ်ဖွဲ့ဝင်များ တားဆီးပိတ်ပင်ထားသည့် အတားအဆီးများကို ဖယ်ရှားရန် ကြိုးစားရာမှ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည်။