ဆီးရီးယား၌ ကားဗုံးပေါက်ကွဲ ဟဇ်ဘိုလာစစ်ခေါင်းဆောင်တစ်ဦးသေဆုံး
ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တွင် ဖေဖော်ဝါရီ ၁၂ ရက်က ဖြစ်ပွားသော ကားဗုံးပေါက်ကွဲမှု၌ ဟဇ်ဘိုလာ စစ်ဘက်ခေါင်းဆောင် အိုင်မက်မွန်နီးယား သေဆုံးသွားသည်။
ယင်းဖြစ်ရပ်သည် ၁၉၈၀ ပြည့်နှစ်များက ဖြစ်ပွားခဲ့သော အနောက်တိုင်းသားများကို ဓားစာခံဖမ်းဆီးသော ကိစ္စနှင့် ဆက်စပ်နေသည်ဟု ယုံကြည်ရကြောင်း သိရသည်။
ဗုံးထိမှန်သေဆုံးသွားသူ မွန်နီယားသည် အသက် ၄၀ ကျော် အရွယ်ရှိပြီဖြစ်ပြီး ၎င်း၏အဖွဲ့သည် ဆီးရီးယားနှင့် အီရန်နိုင်ငံတို့က ထောက်ခံအားပေးထားသော အဖွဲ့ဖြစ်သည်ဟု ဆိုသည်။ ယခုသတ်ဖြတ်မှုမှာ အစ္စရေးတို့၏ လက်ချက်ဖြစ်ကြောင်း ဟဇ်ဘိုလာတို့က စွပ်စွဲသည်။ မွန်နီးယားပါဝင်သော အဖွဲ့က ဖမ်းဆီးထားသော အနောက်နိုင်ငံသား အချို့မှာ သတ်ဖြတ်ခံခဲ့ရပြီး အချို့မှာ နောက်ပိုင်း၌ အမေရိကန်နှင့် လျှို့ဝှက်စွာ လက်နက်ဖြင့် လဲလှယ်ယူသည့် အစီအစဉ်များ ပြုလုပ်ခဲ့သည်။ ယင်းသို့ လက်နက်နှင့် ဓားစာခံ လဲလှယ်သည့် အစီအစဉ်ကို အီရန်-ကွန်ထရာ အရေးအခင်းဟု လူသိများသည်။ ထိုစဉ်က ဟဇ်ဘိုလာများ ဖမ်းဆီးထားသူများတွင် စီအိုင်အေဒေသဆိုင်ရာ အကြီးအကဲတစ်ဦးလည်း ပါဝင်သည်ဟု ဆိုသည်။
0 comments:
Post a Comment