သီရိလင်္ကာတွင် တိုက်ခိုက်မှုဖြစ်ပွား ၊ ရှစ်ဦးသေဆုံး
သီရိလင်္ကာနိုင်ငံမြောက်ပိုင်းတွင် ဖေဖော်ဝါရီ ၁၁ ရက်က အစိုးရတပ်ဖွဲ့နှင့် တမီးလ်သူပုန်တို့အကြား တိုက်ခိုက်မှုဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် တမီးလ်ကျားသူပုန် ခြောက်ဦးသေဆုံးကြောင်း ကာကွယ်ရေးရုံးက ပြောကြားသည်။
ဗာသူနီယာခရိုင်တွင် နံနက် ၇ နာရီ မိနစ် ၅၀ ခန့်က တမီးလ်ကျားသူပုန်များက မိုင်းဗုံးဖောက်ခွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးရကြောင်း တာဝန်ရှိသူက ပြောကြားသည်။
မန်နာခရိုင်တွင် နံနက် ၇ နာရီက လမ်းကြောင်းရှင်းလင်းနေစဉ် ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိသည်။
ဂျက်ဖ်နာကျွန်းဆွယ်၏ မူဟာမာလိုင်ဒေသ၌ နံနက် ၈နာရီ ၄၅ မိနစ်နှင့် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တို့တွင် အစိုးရတပ်ဖွဲ့များက နှစ်ကြိမ်တိုက်ခိုက်မှုကြောင့် တမီးလ်ကျားသူပုန် ခြောက်ဦးသေဆုံးသည်။

0 comments:
Post a Comment