ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ဆွတ်တောင်ကြားဒေသတွင် ဖေဖော်ဝါရီ ၁၃ ရက်က လမ်းဘေး ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ရွေးကောက်ပွဲ စည်းရှုံးလှုံ့ဆော်ရေးယာဉ်တန်း ထိမှန်ခဲ့ကြောင်း ၊ ၎င်းဖြစ်ရပ်ကြောင့် လူနှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ လာမည့် ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ လုံခြုံရေးအခြေအနေအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့သည်။
တည်ငြိမ်မှုမရှိ
ပြီးခဲ့သည့် လများကစ၍ တည်ငြိမ်မှုမရှိသော ယင်းတောင်ကြားဒေသတွင် အစိုးရတပ်ဖွဲ့များနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားခြင်းကြောင့် တာလီဘန် စစ်သွေးကြွ ရာပေါင်းများစွာသေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရရှိသည်။
အရှိန်မြင့်လာ
ပါကစ္စတန်နိုင်ငံတွင် ရွေးကောက်ပွဲ အကြိုကာလ၌ အကြမ်းဖက်မှုများ အရှိန်မြင့်လာရာ ဒီဇင်ဘာ ၂၇ ရက်က အတိုက်အခံခေါင်းဆောင် ဘနာဇီရာဘူတို လုပ်ကြံခံရပြီးနောက် ဇန်န၀ါရီ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအစီအစဉ်ကို တနင်္လာနေ့ထိတိုင်အောင် ပြုလုပ်နိုင်ခြင်း မရှိသေးချေ။
ဘလူချီစတန် အနောက်တောင်ပိုင်းရှိ ရွေးကောက်ပွဲကော်မရှင်ရုံး အပြင်ဘက်တွင် ဖေဖော်ဝါရီ ၁၂ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် သတင်းစာဆရာ လေးဦးအပါအ၀င် ကိုးဦးဒဏ်ရာရရှိသည်။
၂၂ ဦး သေဆုံး
လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ရွေးကောက်ပွဲ မဲဆွယ်ဟောပြောစဉ် အသေခံဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခြင်းကြောင့် အနည်းဆုံး ၂၂ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။