အစ္စရေးက လေကြောင်းမှတိုက်ခိုက်မှု ပါလက်စတိုင်းနှစ်ဦးသေဆုံး
ဂါဇာကမ်းမြောင်ဒေသတွင် အရုဏ်ဦးအချိန်၌ အစ္စရေးနိုင်ငံက လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး အပါအ၀င် ပါလက်စတိုင်းနှစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိကြောင်း ဆေးရုံက တနင်္လာနေ့တွင် ပြောကြားသည်။
ဂါဇာမြို့အရှေ့ပိုင်း အယ်လ်တူဖာ့ခ်ျရပ်ကွက်ကို အစ္စရေးစစ်လေယာဉ်များက ပစ်မှတ်ထား တိုက်ခိုက်ရာ ထင်ရှားသည့် ပါလက်စတိုင်း လွတ်မြောက်ရေးတပ်ဦး ( ပီအက်ဖ်အယ်ပီ) မှ ရာမီကာရမ်ဆိုသူ စစ်သွေးကြွတစ်ဦး သေဆုံးခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ ဂျာဘာလီယာဒုက္ခသည် စခန်းအနီးဒေသကို ပစ်မှတ်ထားပြီး ထိုးနှက်သည့်နောက်ထပ်လေကြောင်းတိုက်ခိုက်မှုတစ်ခုတွင် အရပ်သား ဆာလာ့ခ်ျနာဘဟင်သည် ဒဏ်ရာရပြီး နာရီပိုင်းအကြာ ဖေဖော်ဝါရီ ၁၁ ရက်တွင် သေဆုံးသွားသည်။

0 comments:
Post a Comment