စိန်ပြောင်းကျည်ဘဂ္ဂဒက်၌ ပေါက်ကွဲ
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တောင်ပိုင်း ဒိုရာခရိုင်သို့ ဖေဖော်ဝါရီ ၁၂ ရက်က စိန်ပြောင်းကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း အီရတ်ရဲတပ်ဖွဲ့က ပြောကြားသည်။
အဆိုပါအရပ်သို့ စိန်ပြောင်းကျည်နှစ်စင်း ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး နေအိမ်များအပေါ် ကျရောက်ခဲ့မှုကြောင့် အိမ်နှစ်လုံး ပျက်စီးခဲ့ကြောင်း အီရတ် ရဲတပ်ဖွဲ့က ဆက်လက်ပြောကြားသည်။
ဒိုရာခရိုင်၌ လွန်ခဲ့သည့် သုံးရက်ကလည်း လမ်းဘေးဗုံး ပေါက်ကွဲခဲ့မှုကြောင့် အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိခဲ့သည်။ ထို့အတူ အီရတ်တပ်ဖွဲ့ဝင်များနှင့် ပူးတွဲ ကင်းလှည့်လာသော အမေရိကန်တပ်ဖွဲ့ဝင်အချို့လည်း ဒဏ်ရာရရှိခဲ့သည်။
ဘဂ္ဂဒက်မြို့တွင် ဖေဖော်ဝါရီ ၁၁ ရက်က ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၂၀ ခန့်သေဆုံးခဲ့ရသည်။ အီရတ်နိုင်ငံတစ်ဝန်း၌ ဗုံးခွဲတိုက်ခိုက်မှုများ တိုးမြင့်ဖြစ်ပွားလျက်ရှိကြောင်း အီရတ်ရဲတပ်ဖွဲ့ဝင်များက ပြောကြားသည်။

0 comments:
Post a Comment