ချဒ်သူပုန်များနှင့် ဆူဒန်တပ်ဖွဲ့တိုက်ခိုက် သူပုန်များက မြို့တစ်မြို့ကို သိမ်းယူကြောင်းကြေညာ
ချဒ်သောင်းကျန်းသူများက ချဒ်အစိုးရ စစ်ဘက်အဖွဲ့ဝင်များနှင့် အနီးအနားရှိ ဆူဒန်နိုင်ငံမှ ကြေးစားတပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်မှု ဖြစ်ပွားပြီးခဲ့သည့်နောက် အရှေ့ပိုင်းဒေသရှိ မြို့တစ်မြို့ကို သိမ်းယူခဲ့ကြောင်း တနင်္ဂနွေနေ့က ပြောကြားပြီး ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည့် ချဒ်၏ အချက်အချာနေရာကို ယခုတိုင် ထိန်းချုပ်ထားလျက်ရှိကြောင်းကိုလည်း ပြောကြားလိုက်သည်။
ချဒ်သောင်းကျန်းသူများက မြို့တော် အင်ဂျာမီနာ၏ အရှေ့ဘက် ကီလိုမီတာ ၆၀၀ ခန့်ကွာဝေးသည့် အမ်တီမင်မြို့ကို တိုက်ခိုက်မှုအနည်းငယ်ဖြင့် သိမ်းယူခဲ့သည်ဟု သောင်းကျန်းသူ မဟာမိတ်အုပ်စု သုံးစု၏ ပြောရေးဆိုခွင့်ရှိသူ အလီအော်ဂျိုဟမ်ချီက ပြောကြားသည်။
အမ်တီမင်တွင် တနင်္ဂနွေနေ့က တိုက်ခိုက်မှုများ ဖြစ်ပွားသည်ဆိုသော ထုတ်ပြန်ချက်ကို မရရှိသေးပေ။
မိမိတို့ စစ်ကြောင်းတစ်ကြောင်းက ချဒ်အရှေ့တောင်ပိုင်းရှိ အမ်တီမင်မြို့ကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်းမီးကျောက်များ ရရှိခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
တွန်းလှန်တိုက်ခိုက်မှုများ ကြီးကြီးမားမားမရှိဘဲ နာရီဝက်ခန့်သာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟ ၎င်းက ပြောကြားသည်။
ဆူဒန်ကြေးစား တပ်ဖွဲ့ဝင်များက ချဒ်တပ်ဖွဲ့ဝင်များနှင့် ရင်ပေါင်တန်း တိုက်ခိုက်ခဲ့ကြပြီး အမ်တီမင်မြို့ ကျသွားခဲ့ပြီးနောက် ပြင်သစ်စစ်လေယာဉ်များက သောင်းကျန်းသူ စခန်းများပေါ်တွင် ပျံဝဲနေကြောင်း ၊ ပစ်ခတ်မှု မရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
0 comments:
Post a Comment