အစ္စရေးနိုင်ငံ၊ ဒီမိုနာမြို့တွင်ဗုံးပေါက်ကွဲမှု ဖြစ်ပွားသွားသောနေရာကိုဖေဖေါ်ဝါရီ ၄ ရက်ကတွေ့ရစဉ်။

အစ္စရေးနိုင်ငံတောင်ပိုင်း ဒီမိုနာမြို့တွင် ဖေဖေါ်ဝါရီ ၅ ရက်ကဖြစ်ပွားသော ဗုံးနှစ်လုံးဆင့်၍ ပေါက်ကွဲ
သွား သောဖြစ်ရပ်သည် မိမိတို့လက်ချက်ဖြစ်ကြောင်း ဟာမတ်စ်အဖွဲ့၏ စစ်ဘက်အဖွဲ့ခွဲက ထုတ်ဖော်
ကြေညာသည်။
လွန်ခဲ့သော သုံးနှစ်ကျော်ကာလကတည်းက ဗုံးခွဲတိုက်ခိုက်မှုများကို ကာဇမ်ဖွဲ့ကရပ်ဆိုင်းထားခဲ့သည်။
ဟားမတ်စ်တို့၏လက်နက်ကိုင်အဖွဲ့ခွဲဖြစ်သည့် ထိုအဖွဲ့သည်ယခုတိုက်ခိုက်မှုဖြင့် တစ်ဖက်သတ်ရပ်စဲထားသည့် တိုက်ခိုက်မှုကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ပြသလိုက်သည်။ မူလက ယခုဖြစ်ပွားသည့်ဗုံးဖေါက်ခွဲမှုများ၏ လက် သည်သည် ဂါဇာမှလာသည်ဟု ယူဆထားသည်။ သို့သော် ဟားမတ်စ်တို့က ယင်းကိစ္စကိုကြေညာရာ၌ ဗုံးဖောက် ခွဲသူများသည် အနောက်ဘက်ကမ်းခြေဒေသ ဟီလရွန်မြို့မှလာကြောင်း ကြေညာသွားသည်။
လွန်ခဲ့သော ၁၁ရက်က အီဂျစ်နှင့်ဂါဇာအကြားကာရံထားသော နယ်စပ်တံတိုင်း ကျိုးပေါက်သွားခဲ့သည်။
ထိုနယ်စပ်တံတိုင်းကျိုးပေါက်သွားသောနေရာမှ ဗုံးဖောက်ခွဲသူသည် အစ္စရေးနိုင်ငံအတွင်းဝင်လာဖွယ်ရာရှိ သည်ဟုအစ္စရေးထောက်လှမ်းရေးများက တွက်ဆကြသည်း ပြိုသွားသောနယ်စပ်ဝင်ပေါက်အကာအရံများကို အီဂျစ်တို့က တနင်္ဂနွေနေ့က ပြန်လည်၍ ကာရံခဲ့သည်။ ဒီမိုနာ၌ ဗုံးပေါက်ကွဲမှုတွင် ဖောက်ခွဲရေးသမားနှစ်ဦး နှင့်အတူ အစ္စရေးအမျိုးသမီးတစ်ဦးလည်း သေဆုံးသွားသည်။ ထိုပေါက်ကွဲမှုဖြစ်ပွားပြီးမကြာမီမှာပင် ဖာတာ အုပ်စုနှင့် အဆက်အသွယ်ရှိသည့် အက်စ်ဆာတာတပ်ဖွဲ့ကလည်း ၄င်းတို့၏လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ သည့်အတွက်ယခုကိစ္စတွင် မည်သူ့လက်ချက်အမှန်ဖြစ်ကြောင်း မသိရဘဲ ရှုပ်ထွေးလျက်ရှိသည်။ အစ္စရေးအရာ ရှိများကမှု ယခုအမှုကိုဆက်လက်စုံစမ်းလျက်ရှိသည်။