ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ၂၀၀၅ခှုနှစ် ဇူလိုင် ၂၁ရက်က မအောင်မြင်ခဲ့သည့် ဗုံးဖောက်ခွဲသူများကို ကူညီသူ ငါးဦးတို့အား ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနက ဖေဖော်ဝါရီ ၅ရက်တွင် ဖော်ပြသည်။ ၄င်းတို့ ငါးဦးသည် ဗုံးဖောက်ခွဲရန်ကြံစည်သူများကို တည်းခိုခွင့်ပြုခြင်း၊ နိုင်ငံကူးလက်မှန် ပြုလုပ်ပေးခြင်း၊ အ၀တ်အစားနှင့် စားနပ်ရိက္ခာပေးကမ်းခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်း ကင်းစတုန်းကရောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဘီဘီစီက ကြေငြာသည်။ ၄င်းတို့ ငါးဦးသည် အသက်(၂၀)နှစ်မှ (၃၀)နှစ် ကျော် ၀န်းကျင်ကြားရှိပြီး လန်ဒန်မြို့တွင် နေထိုင်သူများဖြစ်သည်။ ၄င်းတို့ကို ပြစ်ဒဏ်ခုနှစ်နှစ်မှ ၁၇နှစ်အထိ ချမှတ်ခဲ့သည်။ ယင်းတိုက်ခိုက်မှုတွင် ပြစ်မှုတိုက်ရိုက်ကျူးလွန်သူများအား ၂၀၀၇ခုနှစ်ကတည်းက ထောင်ဒဏ် တစ်စက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ဖြစ်သည်။