ဘဂ္ဂဒက်မြို့တောင်ဘက် အမေရိကန်တို့ကလေကြောင်းမှ မဆင်မခြင်ဗုံးကြဲတိုက်ခိုက်သဖြင့် အပြစ်မဲ့အရပ်သားကိုးဦး သေဆုံးသွားကြောင်း၊ ယင်းတိုက်ခိုက်မှုမှာမတော်တဆတိုက်ခိုက်မိခြင်း ဖြစ်ကြောင်း၊ အမေရိကန်စစ်လက်က ပြေကြားသည်။
အဆိုပါ သေဆုံးသွားသောအရပ်သားများ၏ အလောင်းများကိုမြို့တော်ဘဂ္ဂဒက်မှ မိုင် ၃၀အကွာ အစ္စကန်ဒါရီယာ မြို့အနီး၌ ဖေဖေါ်ဝါရီ ၂ရက်ကတွေ့ရှိခဲ့ကြောင်း အမေရိကန်စစ်ဘက်ကကြေညာချက်တွင်ဖော်ပြသည်။ယင်းလေ ကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၀သေဆုံးသွားကြောင်းမျက်မြင် တွေ့ရှိသူများကပြောကြားသည်။ မိသားစုတစ်စု တည်းတွင် ၁၇ဦး သေဆုံးသွားသည်ဟု ဆိုသည်။
ထိုသို့ မတောတဆမှားယွင်းဗုံးကြဲတိုက်ခိုက်မိသည့်အတွက် ၀မ်းနည်းကြောင်းစာများပို့ခဲ့ကြောင်း၊ ယင်းအတွက်စုံ စမ်းစစ်ဆေးနေကြောင်း၊ အဆိုပါကြေညာချက်၌ ဖော်ပြသည်။