တရုတ်ပြည်သူ ခြောက်သန်းကျော် အဝေးသင်ပညာရေး သင်ယူနိုင်ခဲ့ကြ
တရုတ်ပြည်သူ ခြောက်သန်းကျော်ခန့်သည် လွန်ခဲ့သော ဆယ်စုနှစ်သုံးခုအတွင်း ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် အင်တာနက်တို့မှတဆင့် ကောလိပ်အဆင့် အဝေးသင်ပညာရေးကို သင်ယူနိုင်ခဲ့ကြကြောင်း ဆင်ဟွာသတင်း၌ ဖော်ပြသည်။
အခြားတရုတ်ပြည်သူ သန်း ၄၀ တို့သည် နိုင်ငံ၏ ရေဒီယိုနှင့် ရုပ်မြင်သံကြား တို့မှတဆင့် ကောလိပ်ပညာရေး သင်ခန်းစာများကို လေ့လာသင်ယူနိုင်ခဲ့ကြကြောင်း ပေးကျင်းမြို့၌ ဇန်န၀ါရီလ ၃၁ ရက် က ကျင်းပသော အဝေးသင် ပညာရေးအစည်းအဝေး သတင်းရပ်ကွက်မှ သိရသည်။
တရုတ်နိုင်ငံ၌ ၁၉၇၈ ခုနှစ်မှစပြီး ရေဒီယိုနှင့် ရုပ်မြင်သံကြားတက္ကသိုလ်ဗဟိုနှင့် ပြည်နယ်ရေဒီယိုနှင့် ရုပ်မြင်သံကြား ကောလိပ် ၄၄ ခုတို့ကို တည်ဆောက်ပေးခဲ့သည်။ တက္ကသိုလ်မတက်ရောက်နိုင်သူများအတွက် အဝေးသင် ပညာရေး အခွင့်အလမ်းများ ပေးနိုင်ခဲ့သည်ဟုဆိုသည်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမအောင်သော ကျောင်းသူကျောင်းသားများလည်း နိုင်ငံတစ်ဝန်းရှိ ရေဒီယိုနှင့် ရုပ်မြင်သံကြား တို့မှတဆင့် သင်ခန်းစာများ ဖမ်းယူသည်ကြားနိုင်သည်ဟု ဆိုသည်။

0 comments:
Post a Comment