ကင်ညာ၌ ဖြစ်ပွားနေသော အကြမ်းဖက်မှုကြောင့်မိဘပျောက်ဆုံးနေသောကလေးများ စိုးရိမ်ထိတ်လန့်နေကြ
ကင်ညာနိုင်ငံတွင် ရွေးကောင်ပွဲရလဒ်အပေါ် မကျေနပ်၍ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာတွင် လူပေါင်း ၉၀၀ နီးပါးသေဆုံးခဲ့ရသည်။
အကြမ်းဖက်မှုများကြောင့် ပြည်သူအများ နေအိမ်များကို စွန့်ခွာထွက်ပြေးကြစဉ် အချို့သော မိသားစုများတွင် ကလေးများ ပျောက်ဆုံးလျက်ရှိသည်ဟု ဆိုသည်။
အချို့သော ကလေးများမှာ မိဘများမှာ အကြမ်းဖက်မှုဖြစ်ပွားစဉ် အသတ်ခံရ၍ မိဘမဲ့ဖြစ်နေကြသည်။မကြာသေးမီကအယ်လ်ဒိုရက်မြို့မှ အကြမ်းဖက်မှုကြောင့် ထွက်ပြေးလာသော အသက်၁၃ နှစ်ရှိ ဗန်က ပြောကြားရာတွင် မနေ့ညက ကျွန်တော့်အမေဟာ မြားတွေ၊လေးတွေ ကိုင်ထားတဲ့သူတွေ သတ်လို့ သေပြီ၊ကျွန်တော် အိမ်ကို ပြန်သွားကြည့်တဲ့ အချိန်မှာ အမေ့ကို မတွေ့ရတော့ဘူး၊ ကြမ်းပြင်ပေါ်မှာ သွေးကွက်ပဲ တွေ့လိုက်ရတယ်။ဒါနဲ့ အိမ်နီးချင်းတွေမေးကြည့်တော့လည်း အမေ့ကို မတွေ့ရတော့ဘူးဟု ကြက်ခြေနီ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးအား ၀မ်းနည်းကြေကွဲစွာ ဖြင့်ပြောကြားသည်။
ကင်ညာနိုင်ငံမြို့တော်နိုင်ဘီရှိ ဆင်ခြေဖုံး ရပ်ကွက်တ်စခု၌ အရေးအခင်း ကာလအတွင်း မိဘမဲ့ကလေးများအား ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု ဆိုသည်။
ကလေးများသည် ပျောက်ဆုံးနေသော မိဘများအား စိုးရိမ်ထိတ်လန့်စွာဖြင့် မျှော်လင့်စောင့်စားနေကြသည်ဟု ဆိုသည်။
0 comments:
Post a Comment