သီ၇ီလကာင်္နိုင်ငံ မြို့တော်ကိုလံဘိုရှိ အဓိကဘူတာရုံကြီး၌ ဖေဖော်ဝါရီ ၂ ရက်က
ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားရာ ၁၂ ဦးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ကိုလံဘို ရဲတပ်ဖွဲ့ ကပြောကြားသည်။ ဗုံးပေါက်တိုက်ခိုက်သူမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဘူတာရုံစင်္ကြံ အတွင်းခရီးသည်များအကြား ၀င်ရောက်ကာ အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကိုလံဘိုရဲတပ်ဖွဲ့ အရာရှိများက ပြောကြားသည်။